အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCO) နှင့် စပ်လျဉ်း၍ သိရှိရန် လိုအပ်သည့် အချက်များအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်း

အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) နှင့် စပ်လျဉ်း၍ သိရှိရန် လိုအပ်သည့် အချက် များအား ရှင်းလင်း‌ဆွေးနွေးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ ခရိုင်စီမံခန့်ခွဲရေးကော်မတီ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နေ့လယ် (၀၂ ၀၀) နာရီအချိန်တွင် စတင်ပြီး ဖိတ်ကြားထားသူ  ၃၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။           အဆိုပါအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က အဖွင့်အမှာစကားပြောကြားပြီးနောက် MyCO စနစ်အရ ကုမ္ပဏီများအတွက် လိုအပ် ချက်များကို ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ရှင်းလင်းတင်ပြခဲ့ပြီး ဆွေးနွေးပွဲကို ညနေ (၀၃ ၀၀) နာရီ အချိန်၌ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မဟာဗျူဟာစီမံကိန်းဆိုင်ရာ အကြိုဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကယား ပြည်နယ်အစိုးရအဖွဲ့ရုံး Cabinet ခန်းမ၌ ကျင်းပပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မဟာ ဗျူဟာစီမံကိန်းဆိုင်ရာ အကြိုဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာအဖွဲ့က ရင်းနှီးမြှုပ်နှံမှု မဟာ ဗျူဟာ လုပ်ငန်းစဉ်များကို မိတ်ဆက်ခဲ့ပြီး တက်ရောက်လာကြသူများက ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေး မဟာဗျူဟာစီမံကိန်းနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

“စမ်းရေပြာ ကုမ္ပဏီလီမိတက်” နှင့် “အော်ခက်စထရာ ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော စမ်းရေပြာ ကုမ္ပဏီလီမိတက်နှင့် ဒီးမော့ဆိုမြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေသော အော်ခက်စထရာ ကုမ္ပဏီလီမိတက် သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ ၂၂ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  ကယား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးနီထွန်းနှင့် ပြည်နယ် လုပ်ငန်း လိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အုန်းတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် Hom Fa Home Company Limited မှ တင်ပြလာသော ကလေးကစားကွင်းနှင့်ဆက်စပ်သည့် ဝန်ဆောင်မှု လုပ်ငန်း(၁)ခုအား အတည်ပြုမိန့်…

မော်တော်ယာဉ် ရပ်နားစခန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး

ယနေ့ ၃၀.၉.၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည့် မော်တော်ယာဉ် ရပ်နားစခန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံး မှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော် တက်ရောက်ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး Investment Promotion and Project Matching Conferenceသို့ တက်ရောက်

၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ Sedona ဟိုတယ်၌ ကျင်းပပြုလုပ်သော Investment Promotion and Project Matching Conferenceသို့  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော် တက်ရောက်ခဲ့ပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ် ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ဖြူ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတီရယ်နှင့် ကော်မတီအဖွဲ့ဝင်များ၊  ကယားပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သန်းလင်း၊ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူ တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် Pegu Travels Company Limited မှ တင်ပြလာသော ဘန်ဂလိုတည်ဆောက်၍…

Myanmar Global Investment Forum တွင် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ပူးပေါင်းပါဝင်ခြင်း

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတစ်ရပ်အနေဖြင့် ၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော် (MICC-2)၌ ကျင်းပပြုလုပ်သော Myanmar Global Investment Forumတွင် ကယား ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့် ကယားပြည်နယ်ပြခန်းမှ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအစီရင်ခံစာ စာအုပ်၊ ကယားပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ DVDခွေနှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ပြီး တက်ရောက်လာကြသူများကို ကယားရိုးရာ ဝက်အူချောင်းနှင့် ရိုးရာခေါင်ရည်တို့ဖြင့် ဧည့်ခံခဲ့ပါသည်။

မယ်ဟောင်ဆောင်ခရိုင်ဝန်နှင့် တွေ့ဆုံပွဲ အခမ်းအနား

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် မယ်ဟောင်ဆောင် ခရိုင်ဝန်တို့ တွေ့ဆုံပွဲ အခမ်းအနားကို  ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော် တက်ရောက်ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်း

၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် Homfahome Co.,Ltd မှ ဒါရိုက်တာ ဖြစ်သူ ဒေါ်နန်းဆိုင်အမ်းအား ကယားပြည်နယ်ဦးစီးမှူးရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပါသည်။