ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ၊ ကယား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးခင်မောင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။ အစည်းအဝေးတက်ရောက်လာသူများက ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍ၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆက်လက်လုပ်ဆောင်ရမည့်အစီအစဉ်များ၊ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။  

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှ ချေးငွေရယူထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ် ကြပ်မတ်ရေး အဖွဲ့၏ပထမအကြိမ် အစည်းအဝေးကို ၂၃-၄-၂၀၂၁ ရက်နေ့ နေ့လယ် ၁ ၀၀ နာရီတွင် ကယား ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အမိန့် ကြော်ငြာစာအမှတ် ၃၀/ ၂၀၂၁ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ပြင်ဆင် ဖွဲ့စည်းခြင်း

  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် မတ်လ ၄ ရက်နေ့ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၃၀/ ၂၀၂၁ ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်။ http://kic.gov.mm/wp-content/uploads/2021/03/mic.pdf

အမိန့် ကြော်ငြာစာအမှတ် ၃၀/ ၂၀၂၁ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ပြင်ဆင် ဖွဲ့စည်းခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် မတ်လ ၄ ရက်နေ့ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၃၀/ ၂၀၂၁ ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

“ဒီဟူးစ် မြန်မာ လီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာတွင် မျိုးရင်းဝက်မွေးမြူ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ဒီဟူးစ်မြန်မာ လီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Information Event on the Basic Requirements for Companies under Myanmar Companies Law

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံ လိုအပ် ချက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ Gold Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နေ့လယ် (၂) နာရီအချိန်တွင် စတင်ပြီး ဖိတ်ကြား ထားသူ (၁၆) ဦး တက်ရောက်ခဲ့ကြပါသည်။           ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါ်မေမျိုးဇော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ကယားပြည်နယ် အတွင်းမှ ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီများကြီးကြပ်ရေးအဖွဲ့က လာရောက် စိစစ် ကြပ်မတ်ခြင်းမပြုမီ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည့်အချက်များကို ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူး…

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်ချက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံ လိုအပ် ချက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ Gold Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နေ့လယ် (၂) နာရီအချိန်တွင် စတင်ပြီး ဖိတ်ကြား ထားသူ (၂၂) ဦး တက်ရောက်ခဲ့ကြပါသည်။           ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါ်မေမျိုးဇော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ကယားပြည်နယ် အတွင်းမှ ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီများကြီးကြပ်ရေးအဖွဲ့က လာရောက် စိစစ် ကြပ်မတ်ခြင်းမပြုမီ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည့်အချက်များကို ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယင်းနောက်…

“ဒီဟူးစ် မြန်မာ လီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် မျိုးရင်းဝက်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ဒီဟူးစ် မြန်မာ လီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။  

“ညီညာစွမ်းအား လုပ်ငန်းစု ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် တနေ့တန်(၄၀၀၀)ကျ ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်မည့် ညီညာစွမ်းအား လုပ်ငန်းစု ကုမ္ပဏီလီမိတက် သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီ ဥက္ကဌ ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ဆန်းသစ်ဦး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်မှ တင်ပြ လာသော သစ်ခွနှင့်အခြားသော ပျိုးပင်များစိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအား အတည်ပြု မိန့် ထုတ်ပေးခဲ့ပါသည်။