မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့်အချက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံ လိုအပ် သည့်အချက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ Gold Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နေ့လည် (၂) နာရီအချိန်တွင် စတင်ပြီး ဖိတ်ကြားထားသူ (၂၄) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။           ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါ်မေမျိုးဇော်က အဖွင့်အမှာ စကားပြောကြားပြီးနောက် ကယား ပြည်နယ် အတွင်းမှ ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီများကြီးကြပ်ရေးအဖွဲ့က လာရောက် စိစစ် ကြပ်မတ်ခြင်းမပြုမီ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည့်အချက်များကို ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ရှင်းလင်းဆွေးနွေးပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူး…

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေး မှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော် အပါအဝင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ(၃)ဦး တက်ရောက်ခဲ့ကြပါသည်။  

၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ ၂၇ ရက်နေ့၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး တွင် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးမဟာဗျူဟာ ရေးဆွဲရေး ဆွေးနွေးပွဲအား Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာပေးပွဲ အခမ်းအနား

“ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာပေးပွဲ အခမ်းအနား” ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ Famous Hotel ၌ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် မီဒီယာများ စုစုပေါင်း အင်အား ၂၇ ဦးခန့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က “သုံးလပတ် အစီရင်ခံစာ တင်ပြနည်း”အား ရှင်းလင်းဆွေးနွေးခဲ့ပြီး “စီးပွားဖြစ်စတင်ခြင်း၊ အခွန်ကင်းလွတ်ခွင့်နှင့် တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ရရှိရန် လျှောက်ထားနည်း”ကို ဦးစီးအရာရှိ ဒေါ်မိုးတင်ဇာမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အခမ်းအနားကို ညနေ (၃) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါသည်။  

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် TYPP Company Limited မှ ဒါရိုက်တာဖြစ်သူ ဦးတင်မောင်အေးအား ကယားပြည်နယ်ဦးစီးမှူးရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် Chan Thar Aung Myay Company Limited မှ တာဝန်ရှိသူများအား ကယားပြည်နယ်ဦးစီးမှူးရုံးတွင် လက်ခံ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ဝန်ထမ်းသစ် (၂)ဦးအား ကြိုဆိုမိတ်ဆက်ခြင်းနှင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများအား လမ်းညွှန်ခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် စိမ်းလန်း-ဟန်မင်းအောင် ကုမ္ပဏီလီမိတက်နှင့် ငုရွှေဝါ မြေယာရှုခင်း ကုမ္ပဏီလီမိတက်တို့မှ တင်ပြလာသော ပျိုးပင်များ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတို့အား အတည်ပြုမိန့် ထုတ်ပေးခဲ့ပါသည်။  

“အော်စက်စထရာ ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော အော်စက်စထရာကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိ သူများ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် သွားရောက် ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

De Heus Myanmar Limited မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် De Heus Myanmar Limited မှ ကိုယ်စားလှယ်များအား ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်နေ့တွင် ကယားပြည်နယ်ဦးစီးမှူးရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။