“ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)-MyCO ၏ Company Registration Fees ကို CB Pay ဖြင့် ပေးချေနိုင်ပါပြီ”

စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေနှင့် လူကြီးမင်းတို့၏ Company Registration ပြုလုပ်ခြင်းကို Myanmar Companies Online (MyCO)၏ ဝန်ဆောင်မှုဖြင့် Online မှ အလွယ်တကူ ပြုလုပ်နိုင်ပြီး Company Registraion Fees ကိုလည်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ CB Pay ၏ QR Scan ဖြင့် အလွယ်တကူ ပေးချေနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

“ဒီးဟူးစ်မြန်မာ လီမိတက်”သို့ ကွင်းဆင်းခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေး အဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာတွင် မျိုးရင်းဝက် မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ဒီးဟူးစ်မြန်မာ လီမိတက်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီ ဥက္ကဌ ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးနီထွန်းတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ဝင်းလင်း ကုမ္ပဏီလီမိတက်မှ တင်ပြလာသော ကော်ဖီနှင့် အခြားသော နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းလုပ်ငန်းနှင့် နိုက်စ်ကယား ကုမ္ပဏီလီမိတက်မှ တင်ပြလာသော ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းတို့အား အတည်ပြုမိန့် ထုတ်ပေးခဲ့ပါသည်။  

၂၀၂၀ ပြည့်နှစ် ၊ စက်တင်ဘာလ ၄  ရက်နေ့တွင် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးမဟာဗျူဟာ ရေးဆွဲရေး ဆွေးနွေးပွဲအား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်ချက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံ လိုအပ် ချက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ Gold Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နေ့လည် (၂) နာရီအချိန်တွင် စတင်ပြီး ဖိတ်ကြား ထားသူ (၁၇) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။           ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါ်မေမျိုးဇော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ကယားပြည်နယ် အတွင်းမှ ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီများကြီးကြပ်ရေးအဖွဲ့က လာရောက် စိစစ် ကြပ်မတ်ခြင်းမပြုမီ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည့်အချက်များကို ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ရှင်းလင်းဆွေးနွေးပါသည်။ ယင်းနောက်…

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့်အချက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံ လိုအပ် သည့်အချက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ Gold Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နေ့လည် (၂) နာရီအချိန်တွင် စတင်ပြီး ဖိတ်ကြားထားသူ (၂၄) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။           ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါ်မေမျိုးဇော်က အဖွင့်အမှာ စကားပြောကြားပြီးနောက် ကယား ပြည်နယ် အတွင်းမှ ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီများကြီးကြပ်ရေးအဖွဲ့က လာရောက် စိစစ် ကြပ်မတ်ခြင်းမပြုမီ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည့်အချက်များကို ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ရှင်းလင်းဆွေးနွေးပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူး…