“ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)-MyCO ၏ Company Registration Fees ကို CB Pay ဖြင့် ပေးချေနိုင်ပါပြီ”

စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေနှင့် လူကြီးမင်းတို့၏ Company Registration ပြုလုပ်ခြင်းကို Myanmar Companies Online (MyCO)၏ ဝန်ဆောင်မှုဖြင့် Online မှ အလွယ်တကူ ပြုလုပ်နိုင်ပြီး Company Registraion Fees ကိုလည်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ CB Pay ၏ QR Scan ဖြင့် အလွယ်တကူ ပေးချေနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

“ဒီးဟူးစ်မြန်မာ လီမိတက်”သို့ ကွင်းဆင်းခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေး အဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာတွင် မျိုးရင်းဝက် မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ဒီးဟူးစ်မြန်မာ လီမိတက်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။