“ဒီဟူးစ် မြန်မာ လီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် မျိုးရင်းဝက်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ဒီဟူးစ် မြန်မာ လီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။  

“ညီညာစွမ်းအား လုပ်ငန်းစု ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် တနေ့တန်(၄၀၀၀)ကျ ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်မည့် ညီညာစွမ်းအား လုပ်ငန်းစု ကုမ္ပဏီလီမိတက် သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီ ဥက္ကဌ ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ဆန်းသစ်ဦး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်မှ တင်ပြ လာသော သစ်ခွနှင့်အခြားသော ပျိုးပင်များစိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအား အတည်ပြု မိန့် ထုတ်ပေးခဲ့ပါသည်။  

“ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)-MyCO ၏ Company Registration Fees ကို CB Pay ဖြင့် ပေးချေနိုင်ပါပြီ”

စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေနှင့် လူကြီးမင်းတို့၏ Company Registration ပြုလုပ်ခြင်းကို Myanmar Companies Online (MyCO)၏ ဝန်ဆောင်မှုဖြင့် Online မှ အလွယ်တကူ ပြုလုပ်နိုင်ပြီး Company Registraion Fees ကိုလည်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ CB Pay ၏ QR Scan ဖြင့် အလွယ်တကူ ပေးချေနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။