ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ဦးဇော်မျိုးတင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကယားပြည်နယ်အတွင်း ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ကယား ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ပေးခဲ့မှု အခြေ အနေများနှင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။   During the meeting, they discussed the situation of investment activities permitted in Kayah…

စိမ်းလန်းဟန်မင်းအောင် ကုမ္ပဏီလီမိတက်၊ ငုရွှေဝါ မြေယာရှုခြင်း ကုမ္ပဏီလီမိတက်နှင့် ဆန်းသစ်ဦး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းဝန်ဆောင်မှုဆောင်ရွက်ခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့နယ်ရှိ စိမ်းလန်းဟန်မင်းအောင် ကုမ္ပဏီလီမိတက်၊ ငုရွှေဝါ မြေယာရှုခြင်း ကုမ္ပဏီလီမိတက်နှင့် ဆန်းသစ်ဦး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်တို့သို့ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ရက်နေ့တွင် ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ခဲ့ပြီး  လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။