မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်ချက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံ လိုအပ် ချက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ Gold Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နေ့လယ် (၂) နာရီအချိန်တွင် စတင်ပြီး ဖိတ်ကြား ထားသူ (၂၂) ဦး တက်ရောက်ခဲ့ကြပါသည်။           ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါ်မေမျိုးဇော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ကယားပြည်နယ် အတွင်းမှ ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီများကြီးကြပ်ရေးအဖွဲ့က လာရောက် စိစစ် ကြပ်မတ်ခြင်းမပြုမီ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည့်အချက်များကို ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယင်းနောက်…