“ကိုဇော်ကြီးနှင့် မခင်းနှင်းဝေ ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော ကိုဇော်ကြီးနှင့်မခင်နှင်းဝေ ကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူနှင့် ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် Blue Spring Company Limited မှ တင်ပြလာသော အတည်ပြုမိန့် ပြင်ဆင်ချက်အပေါ် အတည်ပြု ဆွေးနွေးခဲ့ကြပါသည်။ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းပြီးသည့် အချိန်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း…

The Kayah State Investment Committee (KIC) holds meeting of (9/2019)

The Kayah State Investment Committee (KIC) meeting (9/2019) was convened in Kayah State Government Office dated on 28th November, 2019. U L Phaung Sho, Chairman of KIC and Chief Minister for Kayah State; U Aan Maw, Secretary for Kayah State Government Office; U San Win, Director for General Administration Department of Loikaw District; U Kyaw…

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မဟာဗျူဟာစီမံကိန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးမဟာဗျူဟာစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ Famous Hotel ၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများ စုစုပေါင်းအင်အား ၅၀ ဦးခန့် တက်ရောက် ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များဆွေးနွေးခြင်း

၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဒေါက်တာတင်မောင်အေးနှင့် Bright Lotus Company Limited မှ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ဦးစိုးတင့်နိုင်တို့အား ကယားပြည်နယ်ဦးစီးမှူးရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခန့်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဇော်ထွဋ် တို့မှလည်း ရင်းနှီးမြှုပ်နှံသူများအား လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။  

အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCO) နှင့် စပ်လျဉ်း၍ သိရှိရန် လိုအပ်သည့် အချက်များအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်း

အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) နှင့် စပ်လျဉ်း၍ သိရှိရန် လိုအပ်သည့် အချက် များအား ရှင်းလင်း‌ဆွေးနွေးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ ခရိုင်စီမံခန့်ခွဲရေးကော်မတီ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နေ့လယ် (၀၂ ၀၀) နာရီအချိန်တွင် စတင်ပြီး ဖိတ်ကြားထားသူ  ၃၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။           အဆိုပါအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က အဖွင့်အမှာစကားပြောကြားပြီးနောက် MyCO စနစ်အရ ကုမ္ပဏီများအတွက် လိုအပ် ချက်များကို ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ရှင်းလင်းတင်ပြခဲ့ပြီး ဆွေးနွေးပွဲကို ညနေ (၀၃ ၀၀) နာရီ အချိန်၌ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။