ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များဆွေးနွေးခြင်း

၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဒေါက်တာတင်မောင်အေးနှင့် Bright Lotus Company Limited မှ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ဦးစိုးတင့်နိုင်တို့အား ကယားပြည်နယ်ဦးစီးမှူးရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခန့်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဇော်ထွဋ် တို့မှလည်း ရင်းနှီးမြှုပ်နှံသူများအား လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။