ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေး အသိပညာ မျှဝေပေးခြင်း အခမ်းအနား ကျင်းပခြင်း

ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေး အသိပညာမျှဝေပေးခြင်း အခမ်းအနားကို ကယားပြည်နယ် ဖားဆောင်းမြို့ရှိ (သံလွင်ဖားစည်) မြို့နယ်ခန်းမ၌ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ အပါအဝင် ကယားပြည်နယ်အတွင်းမှ လုပ်ငန်းရှင် စုစုပေါင်း ၁၆၀ ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ အဖွင့်အမှာစကား ပြော ကြားပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က “Business Knowledge Sharing” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချပြီးနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး…