ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့်လွယ်ကူချောမွေ့စေရေး
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး လက်စွဲစာအုပ်
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး လက်စွဲစာအုပ်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကယား ပြည်နယ်အစိုးရအဖွဲ့ရုံး Cabinet ခန်းမ၌ ကျင်းပပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မဟာ ဗျူဟာစီမံကိန်းဆိုင်ရာ အကြိုဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာအဖွဲ့က ရင်းနှီးမြှုပ်နှံမှု မဟာ ဗျူဟာ လုပ်ငန်းစဉ်များကို မိတ်ဆက်ခဲ့ပြီး တက်ရောက်လာကြသူများက ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေး မဟာဗျူဟာစီမံကိန်းနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
Detailsnotification_for_investment_priority_sectors_-_myan
Download notification_for_investment_priority_sectors_-_myanDownload
Details၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ Sedona ဟိုတယ်၌ ကျင်းပပြုလုပ်သော Investment Promotion and Project Matching Conferenceသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော် တက်ရောက်ခဲ့ပါသည်။
၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဒေါက်တာတင်မောင်အေးနှင့် Bright Lotus Company Limited မှ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ဦးစိုးတင့်နိုင်တို့အား ကယားပြည်နယ်ဦးစီးမှူးရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခန့်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဇော်ထွဋ် တို့မှလည်း ရင်းနှီးမြှုပ်နှံသူများအား လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
Details၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် Homfahome Co.,Ltd မှ ဒါရိုက်တာ ဖြစ်သူ ဒေါ်နန်းဆိုင်အမ်းအား ကယားပြည်နယ်ဦးစီးမှူးရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပါသည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် Chan Thar Aung Myay Company Limited မှ တာဝန်ရှိသူများအား ကယားပြည်နယ်ဦးစီးမှူးရုံးတွင် လက်ခံ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် TYPP Company Limited မှ ဒါရိုက်တာဖြစ်သူ ဦးတင်မောင်အေးအား ကယားပြည်နယ်ဦးစီးမှူးရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
၂၆-၆-၂၀၁၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော် သည် စိန်မြတ်မင်း ကုမ္ပဏီလီမိတက်မှ ဦးစိုင်းသာစိန် နှင့် ဦးစိုင်းထွန်းမြင့် တို့အား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
Details