မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံ လိုအပ် ချက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ Gold Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နေ့လယ် (၂) နာရီအချိန်တွင် စတင်ပြီး ဖိတ်ကြား ထားသူ (၁၆) ဦး တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါ်မေမျိုးဇော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ကယားပြည်နယ် အတွင်းမှ ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီများကြီးကြပ်ရေးအဖွဲ့က လာရောက် စိစစ် ကြပ်မတ်ခြင်းမပြုမီ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည့်အချက်များကို ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် ဆွေးနွေးပွဲကို (၀၃ ၁၀) နာရီ အချိန်၌ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။