The Kayah State Investment Committee (KIC) holds meeting of (1/2023)

The Kayah State Investment Committee (KIC) meeting (1/2023) was convened at the meeting room of Kayah State Government Office on 26th January, 2023 in Loikaw. The meeting was chaired by U Zaw Myo Tin, Chairman of Kayah State Investment Committee, state officials for relative departments and the members of KIC were attended. The meeting approved…

Field Inspection of Kayah State Investment Monitoring Team

Kayah State Investment Committee conducted the field inspection on  the project of the construction of hotel under Kayah State Investment Committee endorsement at loikaw Township on 17th November 2022. Kayah State Investment Monitoring Team assisted and coordinated the needs of the company.

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိထားသော လွိုင်ကော်မြို့ရှိ ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များ သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။  

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ် များ ပါဝင်သည့်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လွိုင်ကော်မြို့နယ်တွင် ကော်ဖီနှင့်အခြားသော နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းလုပ်ငန်းကို Video Conferencing စနစ်ဖြင့် တွေ့ဆုံ ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီ ဥက္ကဌ ဦးဇော်မျိုးတင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ဆန်စက်၊ ပြောင်းအခြောက်ခံစက် လုပ်ငန်းဆောင်ရွက်လို သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ် များ ပါဝင်သည့်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဒီးမော့ဆိုမြို့နယ်တွင် ဟိုတယ်တည်ဆောက် ၍ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းကို Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လွိုင်ကော်မြို့တွင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တုများကို သန့်စင်၍ စက်မှုကုန်ချော ထုတ်လုပ်ခြင်းလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က Video Conferencing စနစ်ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ် များပါဝင်သည့် အဖွဲ့သည် လွိုင်ကော်မြို့နယ်၊ နောင်ယား(က)ရပ်ကွက်ရှိ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်း ဆောင်ရွက်ခွင့် ရရှိထားသည့် လုပ်ငန်းအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် တွေ့ဆုံ ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များ သွားရောက်ကွင်းဆင်း၍  လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ ဦးဇော်မျိုးတင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကယားပြည်နယ်အတွင်း ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ကယား ပြည်နယ် ၊ လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်း (၁)ခု၏ ဒုတိယအကြိမ် တည်ဆောက်ရေးကာလ သက်တမ်းတိုးမြှင့်ခွင့်ကို ခွင့်ပြုပေးခဲ့ပါသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ သိရှိရန် လိုအပ်သည့် အခြေခံအချက်အလက်များအား ရှင်းလင်း ဆွေးနွေးပွဲ

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ  သိရှိရန် လိုအပ်သည့် အခြေခံအချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် ပြည်နယ်ခန်းမ (လွိုင်ကော်မြို့) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ (၂၅) ခု မှ ပြည်နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများအပါအဝင် စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြ ပါသည်။           အခမ်းအနားတွင် ကယားပြည်နယ်စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီးက အဖွင့် အမှာစကား ပြောကြားပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ  သိရှိရန် လိုအပ်သည့် အခြေခံအချက်အလက်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့…