ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များ သွားရောက်ကွင်းဆင်း၍  လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

စိမ်းလန်းဟန်မင်းအောင် ကုမ္ပဏီလီမိတက်၊ ငုရွှေဝါ မြေယာရှုခြင်း ကုမ္ပဏီလီမိတက်နှင့် ဆန်းသစ်ဦး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းဝန်ဆောင်မှုဆောင်ရွက်ခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့နယ်ရှိ စိမ်းလန်းဟန်မင်းအောင် ကုမ္ပဏီလီမိတက်၊ ငုရွှေဝါ မြေယာရှုခြင်း ကုမ္ပဏီလီမိတက်နှင့် ဆန်းသစ်ဦး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်တို့သို့ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ရက်နေ့တွင် ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ခဲ့ပြီး  လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်ရယူ၍ ကယား ပြည်နယ် လွိုင်ကော်မြို့တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်လျက်ရှိကြသော ခဲမဖြူ၊ အဖြိုက်နက်နှင့် ရှီးလိုက်ရောရာသတ္တုများကို ခွဲခြားသန့်စင်ခြင်းလုပ်ငန်းနှင့် ဟိုတယ် တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းတို့ကို ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။  

VIDEO CONFERENCING စနစ်ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ ၂ ခုမှ တာဝန်ရှိသူများအား Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ကယားမြေ ကုမ္ပဏီလီမိတက်နှင့် ဟုန်ဖဟုမ်း ကုမ္ပဏီလီမိတက် သို့ Video Conferencing System ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့နယ်ရှိ ကယားမြေကုမ္ပဏီလီမိတက်နှင့် ဟုန်ဖဟုမ်း ကုမ္ပဏီလီမိတက်သို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၂၆ရက်နေ့တွင် Video Conferencing System အသုံးပြု၍ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

“ကယန်းစတား ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော ကယန်းစတား ကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းကို Video Conferencing စနစ်ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကယားပြည်နယ် လွိုင်ကော်မြို့တွင် BOTစနစ်ဖြင့် ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော အနာဂတ် ကုမ္ပဏီလီမိတက် အား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် Video Conderencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

“ဆွေဆက်အောင် ကုမ္ပဏီလီမိတက်နှင့် ကိုဇော်ကြီးနှင့်မခင်နှင်းဝေ ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော ဆွေဆက်‌အောင် ကုမ္ပဏီလီမိတက်နှင့် ကိုဇော်ကြီးနှင့်မခင်းနှင်းဝေ ကုမ္ပဏီ လီမိတက် သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

“ဒီဟူးစ် မြန်မာ လီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာတွင် မျိုးရင်းဝက်မွေးမြူ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ဒီဟူးစ်မြန်မာ လီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

“ဒီဟူးစ် မြန်မာ လီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် မျိုးရင်းဝက်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ဒီဟူးစ် မြန်မာ လီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။