The Kayah State Investment Committee (KIC) holds meeting of (1/2022)

The Kayah State Investment Committee (KIC) meeting (1/2022) was convened at the meeting room of Kayah State Government Office on 8th March, 2022 in Loikaw. The meeting was chaired by U Zaw Myo Tin, Chairman of Kayah State Investment Committee and the members of KIC were attended.             During the meeting, they discussed the situation…

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၇/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုမှ တင်ပြလာသည့် တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုနိုင်ပါရန်ကိစ္စနှင့် ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် အခြေ အနေများကို ဆွေးနွေးခဲ့ကြပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်ရယူ၍ ကယား ပြည်နယ် လွိုင်ကော်မြို့တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်လျက်ရှိကြသော ခဲမဖြူ၊ အဖြိုက်နက်နှင့် ရှီးလိုက်ရောရာသတ္တုများကို ခွဲခြားသန့်စင်ခြင်းလုပ်ငန်းနှင့် ဟိုတယ် တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းတို့ကို ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။  

VIDEO CONFERENCING စနစ်ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ ၂ ခုမှ တာဝန်ရှိသူများအား Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၆/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၆/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ် များနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံချက်(၂၀၂၁-၂၀၂၇)ပါလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၅/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၅/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ဦးခင်မောင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ကယားပြည်နယ်အတွင်း အားပေးမြှင့်တင်လိုသည့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။  

ကယားမြေ ကုမ္ပဏီလီမိတက်နှင့် ဟုန်ဖဟုမ်း ကုမ္ပဏီလီမိတက် သို့ Video Conferencing System ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့နယ်ရှိ ကယားမြေကုမ္ပဏီလီမိတက်နှင့် ဟုန်ဖဟုမ်း ကုမ္ပဏီလီမိတက်သို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၂၆ရက်နေ့တွင် Video Conferencing System အသုံးပြု၍ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

“ကယန်းစတား ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော ကယန်းစတား ကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ဦးခင်မောင်ဦး နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ရယူထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက လုပ်ငန်းယာယီရပ်ဆိုင်းခွင့်တင်ပြမှုအခြေအနေ၊ COVID-19 Fund မှ ချေးငွေရယူထားသည့် လုပ်ငန်းရှင်များနှင့် စတုတ္ထအကြိမ် တွေ့ဆုံပွဲ ကျင်းပ ခဲ့မှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအား ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် အထွေထွေကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။