ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ၊ ကယား ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးခင်မောင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  

The Kayah State Investment Committee (KIC) holds meeting of (2/2021)

The Kayah State Investment Committee (KIC) meeting (2/2021) was convened at the meeting room of Kayah State Administration Council Office on 7th July, 2021 in Loikaw. The meeting was chaired by U Khin Maung Oo, Chairman of Kayah State Investment Committee and the Kayah State Administration Council, and the members of KIC were attended. During…

“ဆွေဆက်အောင် ကုမ္ပဏီလီမိတက်နှင့် ကိုဇော်ကြီးနှင့်မခင်နှင်းဝေ ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော ဆွေဆက်‌အောင် ကုမ္ပဏီလီမိတက်နှင့် ကိုဇော်ကြီးနှင့်မခင်းနှင်းဝေ ကုမ္ပဏီ လီမိတက် သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Field Inspection to “Swe Set Aung Company Limited and Ko Zaw Gyi & Ma Khin Hnin Wai Company Limited”

Members of Kayah State Investment Monitoring Team conducted field inspection on providing services by construction of hotel by Swe Set Aung Company Limited and Ko Zaw Gyi & Ma Khin Hnin Wai Company Limited at Loikaw, Kayah State on 29th June, 2021. During the inspection, the team coordinated the requirements of those projects.

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအားတွေ့ဆုံ

(ကယား၊ မေ ၁၃ ) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ကယားပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် ကယား ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ကယားပြည်နယ်ကို ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် စိတ်ဝင် စားမှုရှိပါကြောင်း၊ အလားအလာကောင်းများလည်းရှိသဖြင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးတက် စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့က ဝိုင်းဝန်းကူညီဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေးသည် အရေးကြီးကြောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြုထားသည့် လုပ်ငန်းများအပြင်…

Union Minister U Aung Naing Oo meets with the Chairman and members of Kayah State Investment Committee

Union Minister for Investment and Foreign Economic Relations, Vice-Chairman of Myanmar Investment Commission U Aung Naing Oo met with the Chairman and members of Kayah State Administration Council and Kayah State Investment Committee members at the office of Kayah State Investment Committee’s meeting room in the morning of 13th May 2021. At the meeting, the…

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ၊ ကယား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးခင်မောင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။ အစည်းအဝေးတက်ရောက်လာသူများက ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍ၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆက်လက်လုပ်ဆောင်ရမည့်အစီအစဉ်များ၊ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။  

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှ ချေးငွေရယူထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ် ကြပ်မတ်ရေး အဖွဲ့၏ပထမအကြိမ် အစည်းအဝေးကို ၂၃-၄-၂၀၂၁ ရက်နေ့ နေ့လယ် ၁ ၀၀ နာရီတွင် ကယား ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။