မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့် နှင့် အတည်ပြုမိန့်များရယူ၍ ကယားပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဒေါက်တာထွန်းထွန်းသည် ကယားပြည်နယ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များရယူ၍  ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်နေကြသော စီးပွားရေးလုပ်ငန်းရှင်များ နှင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍လည်းကောင်း၊ Video Conferencing စနစ်ဖြင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

COVID-19 ရန်ပုံငွေ မှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့(ကယားပြည်နယ်) နှင့် COVID-19 ရန်ပုံငွေမှ ချေးငွေရယူထားသော ကယားပြည်နယ်အတွင်းရှိလုပ်ငန်းရှင်များ တတိယအကြိမ်တွေ့ဆုံခြင်း

Coronavirus Disease 2019 (COVID-19) သက်ရောက်မှုကြောင့် ထိခိုက်မှု ရှိသော စီးပွားရေး လုပ်ငန်းများအား COVID-19 ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့(ကယားပြည်နယ်)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် COVID-19 ရန်ပုံငွေမှ ချေးငွေရယူထားသော ကယားပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ချေးငွေရယူထားသော လုပ်ငန်းရှင် ၅၃ ဦး အနက် ၃၀ ဦး တက်ရောက် ဆွေးနွေး ကြပါသည်။              အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် COVID-19 ရန်ပုံငွေမှ ထုတ်ပေးထားသည့်ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ (ကယားပြည်နယ်) ဥက္ကဋ္ဌ က…

ကယားပြည်နယ်အတွင်း နို့စားနွားမွေးမြူခြင်းနှင့် တန်ဖိုးမြှင့်နို့ထွက်ပစ္စည်းထုတ်ကုန်များ ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လာရောက်တွေ့ဆုံဆွေးနွေးခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းသည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ကယားပြည်နယ် အတွင်း နို့စားနွားမွေးမြူခြင်းနှင့် တန်ဖိုးမြှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်အား ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၌ လက်ခံတွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။