“ကယန်းစတား ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော ကယန်းစတား ကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ဦးခင်မောင်ဦး နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ရယူထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက လုပ်ငန်းယာယီရပ်ဆိုင်းခွင့်တင်ပြမှုအခြေအနေ၊ COVID-19 Fund မှ ချေးငွေရယူထားသည့် လုပ်ငန်းရှင်များနှင့် စတုတ္ထအကြိမ် တွေ့ဆုံပွဲ ကျင်းပ ခဲ့မှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအား ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် အထွေထွေကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။

The Kayah State Investment Committee (KIC) holds meeting of (4/2021)

The Kayah State Investment Committee (KIC) meeting (4/2021) was convened at the meeting room of Kayah State Government Office on 24th September, 2021 in Loikaw. The meeting was chaired by U Khin Maung Oo, Chairman of Kayah State Investment Committee and the members of KIC were attended. During the meeting, they discussed regarding to the…

ကိုဗစ်-၁၉ ရန်ပုံငွေ မှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့(ကယားပြည်နယ်) နှင့် COVID-19 ရန်ပုံငွေမှ ချေးငွေရယူထားသော ကယားပြည်နယ်အတွင်းရှိလုပ်ငန်းရှင်များ စတုတ္ထအကြိမ်တွေ့ဆုံခြင်း

Coronavirus Disease 2019 (COVID-19) သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်–၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့(ကယားပြည်နယ်) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကိုဗစ်–၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသော ကယားပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် စတုတ္ထ အကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၁ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၂၅) ဦး တက်ရောက်ကြပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ကိုဗစ်–၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့်ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ (ကယားပြည်နယ်) ဥက္ကဋ္ဌ က Coronavirus Disease 2019 (COVID-19) သက်ရောက်မှုကြောင့်…

The Fourth Meeting of the COVID-19 Loan Monitoring Committee (Kayah State) and the entrepreneurs in Kayah State was held

The fourth meeting of the COVID-19 Loan Monitoring Committee was held via video conferencing on 20th September 2021. The meeting was chaired by Dr. Htoon Htoon, chairman of the COVID-19 Loan Monitoring Committee (Kayah State), the total 25 participants from the members of the COVID-19 Loan Monitoring Committee (Kayah State), and local entrepreneurs in Kayah…

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းကို Video Conferencing စနစ်ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကယားပြည်နယ် လွိုင်ကော်မြို့တွင် BOTစနစ်ဖြင့် ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော အနာဂတ် ကုမ္ပဏီလီမိတက် အား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် Video Conderencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Kayah State Investment Monitoring Team Conducts Field Inspection via Video Conferencing

Kayah State Investment Monitoring Team conducted field inspection on power generation, transmission and distribution with BOT by building hydropower plant “No(3) Beluchaung” by Future Energy Company Limited at Loikaw, Kayah State via video conferencing on 14th September, 2021. During the inspection, the team coordinated the requirements of the project.

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၃/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၃/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ဦးခင်မောင်ဦး နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမိန့်ကြော်ငြာစာ အမှတ် (၂၆/၂၀၂၁) ထုတ်ပြန်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများက လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ကုမ္ပဏီဖွဲ့စည်း မှတ်ပုံတင်ခြင်းတို့အတွက် ရေးဆွဲထားသည့် စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ၊ ကယား ပြည်နယ်အတွင်းရှိ ခွင့်ပြုမိန့်/အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံသူများ နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့မှုအခြေအနေများ၊ COVID-19 Fundမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ် ကြပ်မတ်ရေးအဖွဲ့ဝင်များနှင့် ချေးငွေ…