ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအားတွေ့ဆုံ

(ကယား၊ မေ ၁၃ ) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ကယားပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် ကယား ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ကယားပြည်နယ်ကို ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် စိတ်ဝင် စားမှုရှိပါကြောင်း၊ အလားအလာကောင်းများလည်းရှိသဖြင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးတက် စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့က ဝိုင်းဝန်းကူညီဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေးသည် အရေးကြီးကြောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြုထားသည့် လုပ်ငန်းများအပြင်…

Union Minister U Aung Naing Oo meets with the Chairman and members of Kayah State Investment Committee

Union Minister for Investment and Foreign Economic Relations, Vice-Chairman of Myanmar Investment Commission U Aung Naing Oo met with the Chairman and members of Kayah State Administration Council and Kayah State Investment Committee members at the office of Kayah State Investment Committee’s meeting room in the morning of 13th May 2021. At the meeting, the…