အားလုံးတစ်ပေါင်းတည်းကျော်လွှားခြင်း Covid-19 စီးပွားရေးကုစားမှုအစီအစဉ်
http://kic.gov.mm/wp-content/uploads/2020/05/Covid-19-Relief-Plan-Myanmar-version.pdf
http://kic.gov.mm/wp-content/uploads/2020/05/Covid-19-Relief-Plan-Myanmar-version.pdf
၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် ၂/၂၀၂၀ ၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍများအဖြစ် သတ်မှတ်၍ ၁၀၀ ဘီလီယံ ကျပ် ဖြင့် COVID-19 Fund ထူထောင်ကာ ချေးငွေများ ထုတ်ချေးပေးရန် ဆုံးဖြတ် ခဲ့ပါသည်။ ၂။ အဆိုပါ ချေးငွေကို ဦးစားပေးကုစားရမည့် ကဏ္ဍများတွင် အကျုံးဝင်သည့် စီးပွားရေး လုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေး သွားမည်ဖြစ်ပါသည်။ ၃။ သို့ပါ၍…
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် De Heus Myanmar Limited မှ ကိုယ်စားလှယ်များအား ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်နေ့တွင် ကယားပြည်နယ်ဦးစီးမှူးရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဘန်ဂလိုတည်ဆောက်၍ ဟိုတယ်ဝန်ဆောင်မှုပေးသည့် လုပ်ငန်း ဆောင်ရွက်နေသော ပီဂူးထရဲဗဲလ်စ် ကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် Myanmar Survey Research မှ ကိုယ်စားလှယ်များအား ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့တွင် ကယားပြည်နယ်ဦးစီးမှူးရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး Cost of Doing Busicess နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တုများကို သန့်စင်၍ စက်မှုကုန်ချော ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ကမ္ဘာ့တောင်ပိုင်းစက်မှု ကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သွားရောက်ပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းအေး၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းထွေးနှင့် စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဒုဥက္ကဋ္ဌ တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ဆွတ်ပိုင်ကုမ္ပဏီလီမိတက်မှ တင်ပြလာသော သဘာဝ အခြေခံ…
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော မြန်မာ့ရောင်ခြည်သစ်ကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကလေးကစားကွင်းနှင့်ဆက်စပ်သည့်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် နေသော ဟုန်ဖဟုမ်း ကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာစီမံကိန်းဆိုင်ရာဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ International Trade Centre မှ National Consultant ဖြစ်သူ ဒေါ်ဖြူယမင်းမြတ်၊ သက်ဆိုင်ရာဌာနများမှ ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း(၁၃)ဦး တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာစီမံကိန်း မူကြမ်းအပေါ် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(၁၂း၁၅)တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။