ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်း

၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် Homfahome Co.,Ltd မှ ဒါရိုက်တာ ဖြစ်သူ ဒေါ်နန်းဆိုင်အမ်းအား ကယားပြည်နယ်ဦးစီးမှူးရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ Websiteအား ထုတ်လွှင့်ကြောင်း ကြေညာခြင်း အခမ်းအနား

“ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ Websiteအား  ထုတ်လွှင့်ကြောင်း ကြေညာခြင်း အခမ်းအနား” ကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ခရိုင်စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ကိုယ်စား လှယ်များ၊ ပုဂ္ဂလိက ကဏ္ဍပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများ စုစုပေါင်း အင်အား ၇၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က website တွင် သတင်းအချက်အလက် ရယူခြင်း နှင့် အသုံးပြုပုံအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။