ကြေညာချက်
ကော်မရှင်၏ ကြိုတင်ခွင့်ပြုချက် ရယူရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း
ကော်မရှင်၏ ကြိုတင်ခွင့်ပြုချက် ရယူရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း
အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၉) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေများ ပြင်ဆင်သတ်မှတ်ခြင်း
၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ Sedona ဟိုတယ်၌ ကျင်းပပြုလုပ်သော Investment Promotion and Project Matching Conferenceသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော် တက်ရောက်ခဲ့ပါသည်။
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ် ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ဖြူ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတီရယ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သန်းလင်း၊ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူ တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် Pegu Travels Company Limited မှ တင်ပြလာသော ဘန်ဂလိုတည်ဆောက်၍…
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတစ်ရပ်အနေဖြင့် ၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော် (MICC-2)၌ ကျင်းပပြုလုပ်သော Myanmar Global Investment Forumတွင် ကယား ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့် ကယားပြည်နယ်ပြခန်းမှ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအစီရင်ခံစာ စာအုပ်၊ ကယားပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ DVDခွေနှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ပြီး တက်ရောက်လာကြသူများကို ကယားရိုးရာ ဝက်အူချောင်းနှင့် ရိုးရာခေါင်ရည်တို့ဖြင့် ဧည့်ခံခဲ့ပါသည်။
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် မယ်ဟောင်ဆောင် ခရိုင်ဝန်တို့ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော် တက်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုလျှောက်ထားခြင်းလမ်းညွှန်စာအုပ်
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး လက်စွဲစာအုပ်