ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်း

၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် အောင်နေလင်းထွန်း ကုမ္ပဏီလီမိတက် မှ ဒါရိုက်တာဖြစ်သူ ဦးငွေထွန်းအား အား ကယားပြည်နယ်ဦးစီးမှူးတွင် လက်ခံတွေ့ဆုံခဲ့ပြီး စက်မှုဇုန် အပိုင်း(၂)တွင် ကော်ဖီစက်ရုံ တည်ထောင်ခြင်း စပ်လျဉ်း၍ လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပါသည်။

“ဝမ်းတူးတူး ကုမ္ပဏီလီမိတက်” နှင့် “ဒီဟူးစ်မြန်မာ လီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်နေသော ဝမ်းတူးတူးကုမ္ပဏီလီမိတက်နှင့် ဒီးမော့ဆိုမြို့တွင် မျိုးရင်းဝက်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ဒီဟူးစ်မြန်မာ လီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။