ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ ဦးဇော်မျိုးတင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကယားပြည်နယ်အတွင်း ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ကယား ပြည်နယ် ၊ လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်း (၁)ခု၏ ဒုတိယအကြိမ် တည်ဆောက်ရေးကာလ သက်တမ်းတိုးမြှင့်ခွင့်ကို ခွင့်ပြုပေးခဲ့ပါသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ သိရှိရန် လိုအပ်သည့် အခြေခံအချက်အလက်များအား ရှင်းလင်း ဆွေးနွေးပွဲ

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ  သိရှိရန် လိုအပ်သည့် အခြေခံအချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် ပြည်နယ်ခန်းမ (လွိုင်ကော်မြို့) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ (၂၅) ခု မှ ပြည်နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများအပါအဝင် စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြ ပါသည်။           အခမ်းအနားတွင် ကယားပြည်နယ်စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီးက အဖွင့် အမှာစကား ပြောကြားပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ  သိရှိရန် လိုအပ်သည့် အခြေခံအချက်အလက်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့…

Information Event on Myanmar Companies Law (2017)

The information event on Myanmar Companies Law (2017) was held at State Hall in Loikaw, Kayah State dated on 27th April, 2022. The event was attended by 50 participants including the representatives of the relevant departments. At the event, State Minister for Ministry of Economic Affair, Kayah State Government gave the opening remarks and Director…

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ဦးဇော်မျိုးတင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကယားပြည်နယ်အတွင်း ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ကယား ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ပေးခဲ့မှု အခြေ အနေများနှင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။   During the meeting, they discussed the situation of investment activities permitted in Kayah…

စိမ်းလန်းဟန်မင်းအောင် ကုမ္ပဏီလီမိတက်၊ ငုရွှေဝါ မြေယာရှုခြင်း ကုမ္ပဏီလီမိတက်နှင့် ဆန်းသစ်ဦး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းဝန်ဆောင်မှုဆောင်ရွက်ခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့နယ်ရှိ စိမ်းလန်းဟန်မင်းအောင် ကုမ္ပဏီလီမိတက်၊ ငုရွှေဝါ မြေယာရှုခြင်း ကုမ္ပဏီလီမိတက်နှင့် ဆန်းသစ်ဦး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်တို့သို့ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ရက်နေ့တွင် ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ခဲ့ပြီး  လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

Field Inspection Service to Sein Lann-Han Min Aung Co.,Ltd., Laburnum Landscaping Co.,Ltd. and San Thit Oo International Co.,Ltd.

Officials from Kayah State Investment Monitoring Team provided field inspection service to Sein Lann-Han Min Aung Co.,Ltd., Laburnum Landscaping Co.,Ltd. and San Thit Oo International Co.,Ltd.  under Kayah State Investment Committee endorsements in Loikaw Township on 17th March, 2022. During the providing service, the team coordinated for the requirements of those projects.