နောက်ခံသမိုင်းကြောင်း
မြန်မာနိုင်ငံတွင် စျေးကွက်စီးပွားရေးစနစ် တည်ထောင်ရန်အတွက် အားထုတ်ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဉီးစီးဌာနအား ၁၉၉၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ လက်အောက် တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကြား ကနဦးပေါင်းကူးဆက်သွယ်ခြင်းအနေဖြင့် DICA သည် ပုဂ္ဂလိက လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးမြှင့်တင်ရန်၊ အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းအား ဖန်တီးပေးခြင်းဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအားမြှင့်တင်ရန်အတွက် တာဝန်ရှိပါသည်။ DICA ၏ လုပ်ငန်းတာဝန်များမှာ-
၁. ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများအတွက် စည်းမျဉ်းထိန်းသိမ်းသူအနေဖြင့်လည်းကောင်း
၂. ကုမ္ပဏီ မှတ်ပုံတင် အရာရှိအဖြစ်လည်းကောင်း
၃. ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီအနေဖြင့်လည်းကောင်း
၄. မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူးရုံးအနေဖြင့်လည်းကောင်း တာဝန်ရှိပါသည်။
ထို့အပြင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ သဘောတူညီချက်များအား အကြမ်းပြင်ဆင်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် အတည်ပြုခြင်းများအတွက်တာဝန်ရှိသည့်အပြင် အာဆီယံ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့်ကိစ္စရပ်များ (ဥပမာ-အာဆီယံနိုင်ငံများပါဝင်သော ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်၊ အာဆီယံနှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ) နှင့်ပတ်သက်၍လည်း အဓိက ဆက်သွယ်ရမည့် ဌာနအနေဖြင့် တာဝန်ရှိပါသည်။
လက်တလောတိုးတက်ပြောင်းလဲမှုများ
၂ဝ၁၃- စီးပွားရေးလုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရာတွင်လည်းကောင်း၊ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင်လည်းကောင်း လွယ်ကူချောမွေ့စေရေးအတွက် One Stop Service Center အား DICA တွင် ဖွင့်လှစ်ထားရှိခဲ့ပါသည်။
၂ဝ၁၄- ရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူစေရန်အတွက် DICA ရုံးချုပ်အား နေပြည်တော်မှ မြန်မာနိုင်ငံ၏ စီပွားရေး အချက်အချာဖြစ်သော ရန်ကုန်မြို့သို့ ပြောင်းရွေ့ခဲ့ပါသည်။ တချိန်တည်းမှာပင် DICA ရုံးခွဲများအား ပြည်နယ်နှင့် တိုင်းများတွင် ဖွင့်လှစ်ထားရှိရန် ဆောင်ရွက်ခဲ့ပြီး ပထမဆုံး ရုံးခွဲများအဖြစ် မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် မော်လမြိုင် မြို့များတွင် ဖွင့်လှစ်ခဲ့ပါသည်။
၂၀၁၅ – DICA သည် စီးပွားရေးဝန်းကျင်၏ကူညီပံ့ပိုးသူအနေဖြင့် ရပ်တည်ရာတွင် ပိုမိုပံ့ပိုးပေးနိုင်ရန်နှင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဝန်ထမ်းအင်အား ၁၂၈ယောက်တိုးချဲ့ခန့်ထားခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်မှုအားပိုမိုလွယ်ကူစေရေးအတွက် ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတင်ပြ လျှောက်ထားရမည့် အဆင့်များအား လွယ်ကူအောင်ဆောင်ရွက်ပေးခဲ့ပြီး တင်ပြရမည့် စာရွက်စာတမ်းများအားလည်းဖြေလျော့ပေးခဲ့ပါသည်။ ထို့ကြောင့် “ Starting a Business” of Doing Business Report တွင် အဆင့် ၂၉ဆင့် အထိတိုးတက်လာခဲ့ပြီး Doing Business တွင် ၂၀၁၄/၁၅တွင် တိုးတက်မှုအမြင့်မားဆုံးသောနိုင်ငံအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ပထမဦးဆုံး မြန်မာရင်းနှီးမြှုပ်နှံမှုပြပွဲအား မန္တလေးမြို့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
၂ဝ၁၆ – ပိုမိုပြည်စုံသော သတင်းအချက်အလက်များနှင့် ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန်အတွက် DICA ၏ ဝတ်ဘ်ဆိုက် အသစ်အား စတင်အသုံးပြုခဲ့ပါသည်။ DICA ၏ ရုံးခွဲ အသစ်များအား ပုသိမ်၊ မုံရွာ ၊ထားဝယ် နှင့် ဘားအံတို့တွင် ဖွင့်လှစ်ခဲ့ပါသည်။
DICA အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ပိုမိုတိုးတက်လာစေရန် နှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများမှ ရင်းနှီးမြှုပ်နှံမှု အရည်အသွေး၊ အရေအတွက် ပိုမိုတိုးတက်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ပြင်ဆင်ပြဌာန်းခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကို မြှင့်တင်ရာတွင် ရင်းနှီးမြှုပ်နှံမှုကို ထိန်းချုပ်သည့် စည်းမျဉ်းစည်းကမ်းများကို ပြုပြင်ပြောင်းလဲရာတွင် ထင်ရှားသည့် ပြုပြင်ပြောင်းလဲမှု၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းပဒေများ ဖွံ့ဖြိုးမှုနှင့် စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်တို့ဖြင့် တက်ကြွသည့် အခန်းကဏ္ဍ တစ်ခုအနေဖြင့် ပါဝင်ခဲ့ပါသည်။
၂၀၁၇- မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများကို မတ်လတွင် လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အတူ ဧပြီလမှ စတင် ကျင့်သုံးခဲ့ပါသည်။ ရုံးခွဲ ဖွင့်လှစ်ရန် ကျန်ရှိနေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင်လည်း ရုံးခွဲများ ဖွင့်လှစ်ခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် စည်မျဉ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၏ နောက်တစ်ဆင့်အနေဖြင့် နှစ်ပေါင်းတစ်ရာသက်တမ်းရှိသော ၁၉၁၄ မြန်မာကုမ္ပဏီများ အက်ဥပဒေကို လက်ရှိ ဥပဒေများနှင့် အညီ ခေတ်မီစေရန်အတွက် ပြင်ဆင် ဆောင်ရွက်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။
ထို့အပြင် ကုမ္ပဏီများကို စစ်တမ်းကောက်ယူခဲ့ပြီး Cost of Doing Business in Myanmar 2017 Report ကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာအုပ်တွင် မြန်မာနိုင်ငံရှိ လျှပ်စစ်မီး စရိတ်၊ သွင်းကုန်/ထုတ်ကုန် ဆောင်ရွက်ခြင်း၊ ကုမ္ပဏီတည်ထောင်ခြင်း၊ ဝန်ထမ်းရေးရာ၊ ရုံးခန်းနေရာ တို့နှင့် စပ်လျဉ်းသည့် အသေးစိတ် လမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။