ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ ဆွေးနွေးခြင်း

၁၉-၆-၂၀၁၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော် သည် Cherith W+Innovest Pte Ltd မှ Business Director ဖြစ်သူ James Lim နှင့် WATERPLUS Pte Ltd မှ Director ဖြစ်သူ R.Ananthan တို့အား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ ပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၅/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၅/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူနှင့် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှု ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အုန်း တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် Orchestra Company Limited မှ တင်ပြလာသော ဟိုတယ် တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုအား အတည်ပြုမိန့် ထုတ် ပေးခဲ့ပါသည်။ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းပြီးသည့် အချိန်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၄)ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ယင်းလုပ်ငန်း…

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တအတွင်းရေးမှူး ဦးအေးလွင် နှင့် ပြည်နယ်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်း တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသော အတည်ပြုမိန့်ပြင်ဆင်ချက် အပေါ် အတည်ပြုဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ကယားပြည်နယ်အတွင်းသို့ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသော ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှု ပေးသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုအား အတည်ပြုမိန့် ထုတ်ပေးခဲ့ပါသည်။