အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၂၀)
2020_struck_off_web_update
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး လက်စွဲစာအုပ် အား
Download notification_for_investment_priority_sectors_-_myanDownload
Detailshttp://kic.gov.mm/wp-content/uploads/2025/08/Announcement-Address.pdf
SOP for KIC and relivent Department 9-6-2022
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းမှ တာဝန်ရှိ ပုဂ္ဂိုလ် များနှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ပြောင်းအခြောက်ခံသန့်စင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ လုပ်ငန်းတည်ဆောက်ရေး ကာလအတွင်း ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် တိုးတက်မှုများအပေါ် ဆွေးနွေးခဲ့ ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ပျိုးပင်များထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း(၂)ခုမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ခဲမဖြူ၊ အဖြိုက်နက်၊ ရှီးလိုက်ရောရာသတ္တုများ ခွဲခြားသန့်စင်ခြင်း လုပ်ငန်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေး ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။