လျှောက်လွှာခေါ်ယူခြင်း
Application Application Form
အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) နှင့် စပ်လျဉ်း၍ သိရှိရန် လိုအပ်သည့် အချက် များအား ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ ခရိုင်စီမံခန့်ခွဲရေးကော်မတီ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နေ့လယ် (၀၂ ၀၀) နာရီအချိန်တွင် စတင်ပြီး ဖိတ်ကြားထားသူ ၃၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က အဖွင့်အမှာစကားပြောကြားပြီးနောက် MyCO စနစ်အရ ကုမ္ပဏီများအတွက် လိုအပ် ချက်များကို ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ရှင်းလင်းတင်ပြခဲ့ပြီး ဆွေးနွေးပွဲကို ညနေ (၀၃ ၀၀) နာရီ အချိန်၌ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော စမ်းရေပြာ ကုမ္ပဏီလီမိတက်နှင့် ဒီးမော့ဆိုမြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေသော အော်ခက်စထရာ ကုမ္ပဏီလီမိတက် သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ ၂၂ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊ ကယား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးနီထွန်းနှင့် ပြည်နယ် လုပ်ငန်း လိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အုန်းတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် Hom Fa Home Company Limited မှ တင်ပြလာသော ကလေးကစားကွင်းနှင့်ဆက်စပ်သည့် ဝန်ဆောင်မှု လုပ်ငန်း(၁)ခုအား အတည်ပြုမိန့်…