ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကော်မတီအဖွဲ့ဝင်များ နှင့် ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြောင်းအခြောက်ခံ သန့်စင် ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်း၏ တည်ဆောက်ရေး ကာလ သက်တမ်းတိုးမြှင့်ခွင့်နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ဆိုင်ရာအခွင့်အလမ်းများ ဆွေးနွေးပွဲ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။


