ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ကော်မတီအဖွဲ့ဝင်များ နှင့် ရင်းနှီးမြှုပ်နှံသူတို့ တက်ရောက်ခဲ့ကြပါ သည်။ အဆိုပါအစည်းအဝေးတွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ခု၏ ရင်းနှီးမြှုပ်နှံသည့် အရပ်ဒေသ ပြောင်းလဲခွင့်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။