ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာပေးပွဲ အခမ်းအနား

“ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာပေးပွဲ အခမ်းအနား” ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ Famous Hotel ၌ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် မီဒီယာများ စုစုပေါင်း အင်အား ၂၇ ဦးခန့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က “သုံးလပတ် အစီရင်ခံစာ တင်ပြနည်း”အား ရှင်းလင်းဆွေးနွေးခဲ့ပြီး “စီးပွားဖြစ်စတင်ခြင်း၊ အခွန်ကင်းလွတ်ခွင့်နှင့် တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ရရှိရန် လျှောက်ထားနည်း”ကို ဦးစီးအရာရှိ ဒေါ်မိုးတင်ဇာမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အခမ်းအနားကို ညနေ (၃) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါသည်။