ကယားပြည်​နယ်​ရင်​းနှီးမြှုပ်​နှံမှု​ကော်​မတီ၏ Website နှင်​့ Data Portal သင်တန်း

ကယားပြည်​နယ်​ရင်​းနှီးမြှုပ်​နှံမှု​ကော်​မတီ၏ Website နှင်​့ Data Portal တည်​​ဆောက်​အသုံးပြုနိုင်​​ရေးအတွက်​ ကယားပြည်​နယ်​ဦးစီးမှူ း ရုံးမှ ဝန်​ထမ်​းများအား Data Focus Co.,Ltd ၏ Trainer မ​ျားမှ ​လေ့ကျင်​့သင်​ကြား​ပေးခဲ့ပါသည်​။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၅/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၅/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူနှင့် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှု ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အုန်း တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် Orchestra Company Limited မှ တင်ပြလာသော ဟိုတယ် တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုအား အတည်ပြုမိန့် ထုတ် ပေးခဲ့ပါသည်။ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းပြီးသည့် အချိန်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၄)ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ယင်းလုပ်ငန်း…

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇နှင့်အညီ ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိ ပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ ခရိုင်စီမံခန့်ခွဲရေးကော်မတီစုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ အခမ်းအနားကို နံနက် (၁၀) နာရီအချိန်တွင် စတင်ခဲ့ပြီး ဖိတ်ကြားထားသူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်ကအဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရကုမ္ပဏီများအတွက်လိုအပ်ချက်များကို ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူးဒေါ်မေမျိုးဇော်က MyCO Online စနစ် အသုံးပြုပုံကို လက်တွေ့ သရုပ်ပြရှင်းလင်းပြီးနောက် ဆွေးနွေးပွဲကို (၁၂:၀၀) နာရီအချိန်၌ အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရန်ရည်ရွယ်၍ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပပြုလုပ်ခြင်း

ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်၍ မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအား အလားအလာ ရှိသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကယားပြည်နယ် အစိုးရအဖွဲ့ နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ စီစဉ်မှု၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ပံ့ပိုးကူညီမှုဖြင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၆ ရက်နေ့၌ ပြည်နယ်ခန်းမ၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုဖိုရမ် အခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့…

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တအတွင်းရေးမှူး ဦးအေးလွင် နှင့် ပြည်နယ်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်း တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသော အတည်ပြုမိန့်ပြင်ဆင်ချက် အပေါ် အတည်ပြုဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ကယားပြည်နယ်အတွင်းသို့ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသော ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှု ပေးသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုအား အတည်ပြုမိန့် ထုတ်ပေးခဲ့ပါသည်။