ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  ပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းအေးနှင့် ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဇော်ထွန်းအောင်တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ဟုန်ဖဟုမ်း ကုမ္ပဏီလီမိတက်၊ ကိုဇော်ကြီးနှင့်မခင်နှင်းဝေ ကုမ္ပဏီလီမိတက်နှင့် အော်စက်စထရာ ကုမ္ပဏီလီမိတက် တို့မှ တင်ပြလာသော အတည်ပြုမိန့် ပြင်ဆင်ချက်အပေါ် အတည်ပြု ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၅…

The Kayah State Investment Committee (KIC) holds meeting of (10/2019)

The Kayah State Investment Committee (KIC) meeting (10/2019) was convened in Kayah State Government Office dated on 9th December, 2019. U L Phaung Sho, Chairman of KIC and Chief Minister for Kayah State; U Kyaw Thu, Director for Kayah State Development Office; Dr. Than Aye, Director for Livestock Breeding and Veterinary Department; U Zaw Htun…