ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မဟာဗျူဟာစီမံကိန်းဆိုင်ရာ အကြိုဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကယား ပြည်နယ်အစိုးရအဖွဲ့ရုံး Cabinet ခန်းမ၌ ကျင်းပပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မဟာ ဗျူဟာစီမံကိန်းဆိုင်ရာ အကြိုဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာအဖွဲ့က ရင်းနှီးမြှုပ်နှံမှု မဟာ ဗျူဟာ လုပ်ငန်းစဉ်များကို မိတ်ဆက်ခဲ့ပြီး တက်ရောက်လာကြသူများက ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေး မဟာဗျူဟာစီမံကိန်းနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

“စမ်းရေပြာ ကုမ္ပဏီလီမိတက်” နှင့် “အော်ခက်စထရာ ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော စမ်းရေပြာ ကုမ္ပဏီလီမိတက်နှင့် ဒီးမော့ဆိုမြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေသော အော်ခက်စထရာ ကုမ္ပဏီလီမိတက် သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ ၂၂ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  ကယား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးနီထွန်းနှင့် ပြည်နယ် လုပ်ငန်း လိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အုန်းတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် Hom Fa Home Company Limited မှ တင်ပြလာသော ကလေးကစားကွင်းနှင့်ဆက်စပ်သည့် ဝန်ဆောင်မှု လုပ်ငန်း(၁)ခုအား အတည်ပြုမိန့်…

မော်တော်ယာဉ် ရပ်နားစခန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး

ယနေ့ ၃၀.၉.၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည့် မော်တော်ယာဉ် ရပ်နားစခန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံး မှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော် တက်ရောက်ခဲ့ပါသည်။