ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ ဆွေးနွေးခြင်း

၂၆-၆-၂၀၁၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော် သည် စိန်မြတ်မင်း ကုမ္ပဏီလီမိတက်မှ ဦးစိုင်းသာစိန် နှင့် ဦးစိုင်းထွန်းမြင့် တို့အား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

“ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် ကနဦးစွမ်းအားမြှင့်အစီအစဉ်” ခေါင်းစဉ်ဖြင့် စီးပွားရေး အသိပညာ မျှဝေပေးခြင်း အခမ်းအနား ကျင်းပခြင်း

“ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် ကနဦးစွမ်းအားမြှင့် အစီအစဉ်” ခေါင်းစဉ်ဖြင့် စီးပွားရေး အသိပညာ မျှဝေပေးခြင်း အခမ်းအနားကို ကယားပြည်နယ် ဒီမောဆိုမြို့ Demoso Lodge ၌ ၂၀၁၉ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးက ကြီးမှူး၍ နေချားဟောလီးဒေး ကုမ္ပဏီ လီမိတက်၊ ဒီဟူးစ် မြန်မာ ကုမ္ပဏီ လီမိတက်၊ မြန်မာ့ရောင်ခြည်သစ် ကုမ္ပဏီ လီမိတက်၊ အနာဂတ်စွမ်းအား ကုမ္ပဏီ လီမိတက်၊ ချမ်းမြေ့ချို ကုမ္ပဏီ လီမိတက်၊ ကယားမြေ ကုမ္ပဏီ လီမိတက် နှင့် အောင်ရွှေပိုင် ကုမ္ပဏီ လီမိတက်တို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်…