Field Inspection Service to Sein Lann-Han Min Aung Co.,Ltd., Laburnum Landscaping Co.,Ltd. and San Thit Oo International Co.,Ltd.

Officials from Kayah State Investment Monitoring Team provided field inspection service to Sein Lann-Han Min Aung Co.,Ltd., Laburnum Landscaping Co.,Ltd. and San Thit Oo International Co.,Ltd.  under Kayah State Investment Committee endorsements in Loikaw Township on 17th March, 2022. During the providing service, the team coordinated for the requirements of those projects.

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ဦးဇော်မျိုးတင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကယားပြည်နယ်အတွင်း ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ကယား ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ပေးခဲ့မှု အခြေ အနေများနှင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၇/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုမှ တင်ပြလာသည့် တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုနိုင်ပါရန်ကိစ္စနှင့် ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် အခြေ အနေများကို ဆွေးနွေးခဲ့ကြပါသည်။