Inviting Investment
notification_for_investment_priority_sectors_-_engDownload
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ ၂ ခုမှ တာဝန်ရှိသူများအား Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Kayah State Investment Monitoring Team met the representatives from two projects of providing services by construction of hotel in Loikaw Township, Kayah State via video conferencing on 22nd November, 2021. The team coordinated the requirements of those projects.
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၆/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ် များနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံချက်(၂၀၂၁-၂၀၂၇)ပါလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။
DetailsThe Kayah State Investment Committee (KIC) meeting (6/2021) was convened at the meeting room of Kayah State Government Office on 30th November, 2021 in Loikaw. The meeting was chaired by U Khin Maung Oo, Chairman of Kayah State Investment Committee and the members of KIC were attended. During the meeting, they discussed about the investment…
Detailsကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၅/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ဦးခင်မောင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ကယားပြည်နယ်အတွင်း အားပေးမြှင့်တင်လိုသည့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
DetailsThe Kayah State Investment Committee (KIC) meeting (5/2021) was convened at the meeting room of Kayah State Government Office on 29th October, 2021 in Loikaw. The meeting was chaired by U Khin Maung Oo, Chairman of Kayah State Investment Committee and the members of KIC were attended. During the meeting, they discussed about the investment…
Detailsကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့နယ်ရှိ ကယားမြေကုမ္ပဏီလီမိတက်နှင့် ဟုန်ဖဟုမ်း ကုမ္ပဏီလီမိတက်သို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၂၆ရက်နေ့တွင် Video Conferencing System အသုံးပြု၍ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။
Officials from Kayah State Investment Monitoring Team provided meeting service to Kayah Land Company Limited and Hom Fa Home Company Limited under Kayah State Investment Committee endorsements in Loikaw Township on 26th October, 2021 via video conferencing system. During the meeting, the team coordinated for the requirements of those projects.
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော ကယန်းစတား ကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။