လျှောက်လွှာခေါ်ယူခြင်း
Application Application Form
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ပြောင်းအခြောက်ခံသန့်စင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၏ လုပ်ငန်း တည်နေရာပြောင်းလျှောက်ထားခြင်းအပေါ် သက်ဆိုင်ရာဌာနများနှင့်မြေပြင်ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ ၌ အကျိုးတူလယ်ယာစနစ်ဖြင့် ပြောင်းနှင့် ဆီနေကြာ စိုက်ပျိုးထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း ၂ ခုမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ စီးပွားဖြစ်လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှု အခြေအနေများနှင့် တိုးတက်မှုများအပေါ် ဆွေးနွေးခဲ့ကြပါသည်။
On 29 August 2025, the Kayah State Investment Monitoring Team conducted a field inspection regarding the application for the relocation of the drying, purifying, sale and production of maize, which had been approved by the Kayah State Investment Committee. The team inspected the proposed site, carried out necessary verifications, and coordinated with relevant departments to…