ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ် များ ပါဝင်သည့်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဒီးမော့ဆိုမြို့နယ်တွင် ဟိုတယ်တည်ဆောက် ၍ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းကို Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လွိုင်ကော်မြို့တွင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တုများကို သန့်စင်၍ စက်မှုကုန်ချော ထုတ်လုပ်ခြင်းလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။