ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ဦးခင်မောင်ဦး နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ရယူထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက လုပ်ငန်းယာယီရပ်ဆိုင်းခွင့်တင်ပြမှုအခြေအနေ၊ COVID-19 Fund မှ ချေးငွေရယူထားသည့် လုပ်ငန်းရှင်များနှင့် စတုတ္ထအကြိမ် တွေ့ဆုံပွဲ ကျင်းပ ခဲ့မှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအား ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် အထွေထွေကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။