ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၃/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၃/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ဦးခင်မောင်ဦး နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမိန့်ကြော်ငြာစာ အမှတ် (၂၆/၂၀၂၁) ထုတ်ပြန်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများက လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ကုမ္ပဏီဖွဲ့စည်း မှတ်ပုံတင်ခြင်းတို့အတွက် ရေးဆွဲထားသည့် စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ၊ ကယား ပြည်နယ်အတွင်းရှိ ခွင့်ပြုမိန့်/အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံသူများ နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့မှုအခြေအနေများ၊ COVID-19 Fundမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ် ကြပ်မတ်ရေးအဖွဲ့ဝင်များနှင့် ချေးငွေ…