ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီ ဥက္ကဌ ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးနီထွန်းတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ဝင်းလင်း ကုမ္ပဏီလီမိတက်မှ တင်ပြလာသော ကော်ဖီနှင့် အခြားသော နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းလုပ်ငန်းနှင့် နိုက်စ်ကယား ကုမ္ပဏီလီမိတက်မှ တင်ပြလာသော ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းတို့အား အတည်ပြုမိန့် ထုတ်ပေးခဲ့ပါသည်။