အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCO) နှင့် စပ်လျဉ်း၍ သိရှိရန် လိုအပ်သည့် အချက်များအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်း

အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) နှင့် စပ်လျဉ်း၍ သိရှိရန် လိုအပ်သည့် အချက် များအား ရှင်းလင်း‌ဆွေးနွေးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ ခရိုင်စီမံခန့်ခွဲရေးကော်မတီ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နေ့လယ် (၀၂ ၀၀) နာရီအချိန်တွင် စတင်ပြီး ဖိတ်ကြားထားသူ  ၃၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။           အဆိုပါအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က အဖွင့်အမှာစကားပြောကြားပြီးနောက် MyCO စနစ်အရ ကုမ္ပဏီများအတွက် လိုအပ် ချက်များကို ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ရှင်းလင်းတင်ပြခဲ့ပြီး ဆွေးနွေးပွဲကို ညနေ (၀၃ ၀၀) နာရီ အချိန်၌ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။