ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  ကယားပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သန်းလင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူ တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် Pegu Travels Company Limited မှ တင်ပြလာသော လုံးချင်း အဆောက်အဦများ ဆောက်လုပ်၍ Resort များ ဖွင့်လှစ်ဆောင်ရွက်ခြင်း လုပ်ငန်း(၁)ခုအား စိစစ်ခဲ့ပြီး အတည်ပြုလျှောက်ထားလွှာအား လက်ခံရန် ဆုံးဖြတ်ခဲ့ပါသည်။  ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက KIC Website နှင့် Data Portal အား ၂၀၁၉ ခုနှစ်…

နေးချားဟောလီးဒေး ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်နေသော နေးချားဟောလီးဒေး ကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ အဖွဲ့ဝင် (၂) ဦးနှင့် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။