ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာစီမံကိန်းဆိုင်ရာဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ International Trade Centre မှ National Consultant ဖြစ်သူ ဒေါ်ဖြူယမင်းမြတ်၊ သက်ဆိုင်ရာဌာနများမှ ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း(၁၃)ဦး တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာစီမံကိန်း မူကြမ်းအပေါ် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(၁၂း၁၅)တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။