(ကယား၊ မေ ၁၃ )
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ကယားပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် ကယား ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ကယားပြည်နယ်ကို ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် စိတ်ဝင် စားမှုရှိပါကြောင်း၊ အလားအလာကောင်းများလည်းရှိသဖြင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးတက် စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့က ဝိုင်းဝန်းကူညီဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေးသည် အရေးကြီးကြောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြုထားသည့် လုပ်ငန်းများအပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပြီး လုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဉီးတည်ချက် ၉ ရပ်ကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှု မူဝါဒကို လိုက်လျောညီထွေ ချမှတ်အကောင်အထည်ဖော်လျှက်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေး အခြေအနေကောင်းများရှိခြင်းကြောင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အချိန်တိုတိုအတွင်း ရလဒ် ကောင်းများရရှိမည့်လုပ်ငန်းများကို ဉီးစားပေးလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက် သည့် တင်ပြလျှောက်ထားမှုများကို ဥပဒေပြဋ္ဌာန်းချက် ပါ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် စိစစ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံသားကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ လွယ်ကူ ချောမွေ့ စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် တစ်ရပ်ဖြစ်ပေါ် လာစေရေးဌာနများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ လတ်တလောကာလ တွင် သွေးထိုးလှုံ့ဆော်မှုများကြောင့် လူထုအနေဖြင့် ဘဏ်များအပေါ် ယုံကြည်မှု ကျဆင်းကာ ငွေထုတ်ယူမှု များပြားနေပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘဏ်များနှင့်ပတ်သက်သည့် အစီအမံများ ချမှတ်ထားပြီး ဖြစ်သဖြင့် လူထုအနေဖြင့် စိတ်ပူပန်ခြင်းမရှိကြစေရေး ပြည်နယ်လူထုသို့လည်း အသိပေး သွားစေလိုကြောင်း ပြောကြားပါသည်။
ထို့နောက် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဉက္ကဋ္ဌ/ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ က ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးရန် လိုအပ်သည့် ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ပြည်နယ် ဉီးစီးမှူးရုံးသို့သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဝန်ထမ်းအိမ်ယာ သို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံကာ အခက်အခဲများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
လွိုင်ကော်မြို့တွင် ရှိနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် အချို့နှင့်လည်း သီးခြားစီတွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားကာ လုပ်ငန်းရှင်များက တင်ပြသည့် အခက်အခဲ များကို ညှိနှိုင်းဖြေရှင်းကူညီဆောင်ရွက်ပေးခဲ့ပါသည်။