ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ် စည်ပင် သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းအေးနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဇော်ထွန်းအောင်တို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဆွတ်ပိုင် ကုမ္ပဏီလီမိတက်မှ တင်ပြလာသော သဘာဝ အခြေခံ ဟိုတယ်နှင့်အပန်းဖြေစခန်းဝန်ဆောင်မှုပေးခြင်းလုပ်ငန်း အား အတည်ပြုမိန့် ထုတ်ပေး နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။