ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊ ကယား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးနီထွန်းနှင့် ပြည်နယ် လုပ်ငန်း လိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အုန်းတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် Hom Fa Home Company Limited မှ တင်ပြလာသော ကလေးကစားကွင်းနှင့်ဆက်စပ်သည့် ဝန်ဆောင်မှု လုပ်ငန်း(၁)ခုအား အတည်ပြုမိန့် ထုတ်ပေး ခဲ့ပါသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းပြီးသည့် အချိန်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၆)ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ယင်းလုပ်ငန်း (၁၆)ခု မှ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၁၈၁၉၄၃ မီလီယံနှင့် မြန်မာကျပ်ငွေ ၁၈.၅ ဘီလီယံရှိမည် ဖြစ်ပါသည်။ ယင်းလုပ်ငန်း (၁၆)ခုမှ အလုပ်အကိုင်အခွင့်အလမ်း ၇၆၆ ဦးကို ဖန်တီးပေးနိုင်ခဲ့ပါသည်။